ကျိုင်းတုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားထားကြောင်းသိရသည်။
ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းကူးစက်ပြန့်ပွားမှု အခြေအနေမှာ ယနေ့အထိ စုစုပေါင်း (၁၁)ဦး ကူးစက်ခံထားရပြီး ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ အား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များကို ဆိုင်ထိုင်စားသောက်ခြင်း ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ရောင်းချရာ တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
ရဲထက်ဦး