မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေများ လှူဒါန်း
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းတစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ က အလှူငွေကျပ်တစ်သိန်း၊ ဦးစိုင်းထွန်း (Myanmar Founder ကုမ္ပဏီလီမိတက်) မှ အလှူငွေကျပ်တစ်သိန်း၊ အမှတ်(၈)ရပ်ကွက်မှ ဦးနွဲ့စိုင်းလုံနှင့် ဦးစိုးဝင်းတို့က အလှူငွေကျပ်ငါးသောင်းစီနှင့် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်တစ်သိန်းကို ယနေ့တွင် ထောက်ပံ့လှူဒါန်းသည်။