မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြောက်ဦး  ဇူလိုင်  ၈

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင် ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်က  မိမိတို့မြောက်ဦး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ(၃)ဦး တွေ့ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်း များကို အရှိန်အဟုန်မြင့်တိုးမြင့်လုပ်ဆောင်ရေးနှင့် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ဆပ်ကော်မတီဝင်များအနေဖြင့် ရောကာကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းမှာ ကြားခဲ့သည်။

 

ဆက်လက်၍ မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အတွက် မြို့အဝင်/အထွက်နေ ရာများတွင် စစ်ဆေးရေး (Check Point) များဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစစ် ဆေးမှုများ၊ အသိပညာပေးရေးလုပ်ငန်းများနှင့်Mask Campaign များအား အရှိန် အဟုန်မြင့်ဆောင်ရွက်နေမှုအခြေအနေများနှင့်ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ပိုးသတ်ဆေးဖြန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

 

ခင်မောင်ထွန်း