သတင်းများ

ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ယာယီပျံကျဈေး၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီလိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေး
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ယာယီပျံကျဈေး၊ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီလိုက်နာဆောင်ရွက်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသား (ဖူဆယ်)ဘောလုံး ပြိုင်ပွဲဖွင့်လှစ်
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နမ္မတူ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေးခြင်းဆောင်ရွက်
Jul 08,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိ ပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Jul 08,2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နေ့လည် ၂ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာလေးဦး ထပ်မံတွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ ညပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာလေးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
သံတောင်ကြီးမြို့နယ် သံမိုးတောင်(အောက်) ကျေးရွာတွင် ခေါင်းဆောင်မှုနည်းပြ သင်တန်းဖွင့်လှစ်
Jul 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဦးစီး၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းက သံမိုးတောင် (အောက်) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း နှင့် ဝန်ထမ်းများက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။