သထုံ ဇူလိုင် ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ ဦး ထပ်တိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံကြီး Fever Clinic တွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာ ၄၃ ဦးအား (RDT) Test kits ဖြင့် စစ်ဆေးရာ သထုံမြို့နယ်အတွင်းမှ အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၃၃ ဦးတို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သထုံမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူပေါင်း ၂၆၇ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာ တွေ့မှုရှိနှုန်းမြင့်မားနေသောကြောင့် ယနေ့နံနက်မှစတင်ကာ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာနေထိုင်ရန် (Stay at Home) အဖြစ်သတ်မှတ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါပိုးတွေ့အတည်ပြုလူနာများကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward (1) နှင့် အမှတ်(၈) စက်မှုသင်တန်းကျောင်း(တာယာစက်ရုံ) ၌ ဖွင့်လှစ်ထားသည့် Isolation Ward (2) တို့၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဦး