ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ကျေးသီး ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးအတွက် မြို့မစည်ပင်သာယာစျေးအတွင်းရှိ စျေးဆိုင်ခန်းများအား ယနေ့နံနက် ၁၀ နာရီခန့်က ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ က္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေအနေနှင့်

ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့မစည်ပင်သာယာစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးဆိုင် ခန်းများ၊ စားသောက်ဆိုင်ခန်းများကို ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။