သတင်းများ

တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မိုးကုတ် ရိပ်သာတွင် Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 14,2020
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယမင်းအိ ဦးဆောင်သော အဖွဲ့ဝင်များသည် မိုးကုတ်ရိပ်သာ၌ Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ရိပ်သာ၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ သွားရောက်ကွင်းဆင်း ဆောင်ရွက်သည်။
နွားထိုးကြီးမြို့နယ်၊ ရာသီဥတုနှင့်လိုက်လျောညီထွေမည့်စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း ( CFAVC ) အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 14,2020
နွားထိုးကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာရုံးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ပူးပေါင်းဆောင်ရွက်မည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုကွင်းဆက်စီမံကိန်း (CFAVC) အား မိတ်ဆက်ခြင်းနှင့် ဒေသအတွင်းစားနပ်ရိက္ခာနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်အဖွဲ့များ တွေ့ဆုံဆွေးးနွေးပွဲကို ဩဂုတ် ၁၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့၌ အသက်ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေဆေး စတင်တိုက်ကျွေး
Aug 14,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်ငါးနှစ်အောက်ကလေးများ အား ဗီတာမင်အေ အားဆေးတိုက်ကျွေးခြင်းကို ယမန်န့ နံနက် ၈ နာရီက မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်
ပုဂံ-ညောင်ဦးဒေသ၌ ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်
Aug 14,2020
လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းလျက်ရှိသည့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များအား ခရီးသွား စစ်ကောက်ယူခြင်းလုပ်ငန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဩဂုတ် လ ၈ ရက်နေ့က ကောက်ယူလျက်ရှိကြောင်း သိရသည်။
လောင်းလုံးမြို့၌ အသက် (၆) လမှ (၅) နှစ်အောက်ကလေးငယ်များ ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေး
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အမျိုးသမီးကျန်းမာရေးဌာနမှ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များဗီတာမင်-အေနှင့် သံချဆေးများတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အမျိုးသမီးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်​ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်​ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ​သြဂုတ်လ ၁၁ ရက် မှ ၁၂ ရက်အထိ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့တွင် အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး
Aug 13,2020
ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိရာ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၉) နာရီ က ဝေါမြို့‌ရပ်ကွက်/ကျေးရွာနှင့်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးလက် ကျန်းမာရေး ဌာနများတွင် ဆေးတိုက်ကျွေးပြုလုပ်လျက်ရှိသည်။