ကျောက်ဖြူ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင် စုလူဦးရေစာရင်း(၇၅)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၁)ခုအား ပေးအပ်သည့်အခမ်းအနားကို ယနေ့၊ နံနက်(၁၀) နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံး ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က ပန်းခင်းစီမံ ချက်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကြည် ဦးက မွေးဖွား/သေဆုံး စာရင်းများနှင့် အိမ်ထောင်စု ပြောင်း/ဝင်ထွက်ဆိုင်ရာစာရင်းများ တိကျမှန် ကန်မှုရှိစေရန်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံသား တစ်ဦးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင်နိုင်စေရန်အတွက် ဥပဒေနှင့် အညီ မိမိတို့ ဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး ခရိုင်ဦးစီမှူးနှင့် မြို့နယ် ဦးစီးအရာရှိတို့က ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပေးအပ်ရာ ဆင်ဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ ထိုနောက် ဆင်ဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးခင်မှ ကျေးရွာသူ/သားများ ကိုယ်စားကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
၎င်းပေးအပ်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပေးအပ်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ အသက်(၁၀)နှစ်ပြည့် (၂၀)ဦး၊ အသက်(၁၈)နှစ်ပြည့်(၄၆)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်၊မိတ္တူ ပြုလုပ်သူ(၅၅)ဦး စုစုပေါင်း (၁၂၁)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(၇၅)စု အားပေးအပ်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှသိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး