ပိုင်ကျုံမြို့၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်း

ပိုင်ကျုံ ဇူလိုင် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မြို့ပေါ်ရပ်ကွက်များအား ကလိုရင်း ဆေးရည်(ပိုးသတ်ဆေး) များကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံပက်ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပိုးသတ်ဆေး လိုက်လံပက်ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် ရပ်ကျေးစာရေးများ၊နယ်မြေမီးသတ်ဦးစီးဌာန၊ လှိုင်းဘွဲ မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းနှင့်ကြက်ခြေနီအသင်းတို့က ပိုင်ကျုံမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ခံထားရသည့် နယ်မြေရဲစခန်းအပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားရှစ်ခိုး ကျောင်း၊ ကျမ်းစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများ နှင့် လူအသွား အလာများသည့် နေရာများအား ကလိုရင်းဆေးရည်(ပိုးသတ်ဆေး)များ လိုက်လံ ပက်ဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)