ပင်လောင်းမြို့တွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ပင်လောင်း ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပိုးသတ်ဆေးများဖြန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် အဖြူရောင်လူငယ်အဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ လူနာများအား တွေ့ရှိခဲ့သည့် ပင်လောင်းမြို့မ ဈေးအတွင်းအပြင်၊ ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရောဂါပိုးထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ပင်လောင်းမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်း ချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချခွင့်ပြုပြီး ငါးရက်တစ်ဈေးဖြင့် ခွင့်ပြုရောင်းချသည့် မြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဈေးငါးဈေးကိုလည်း ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၂၀ ရက်နေ့ထိ ပိတ်သိမ်းထားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)