လားရှိုး ဇူလိုင် ၈
လားရှိုးမြို့နယ်၊ ကိုဗစ်(၁၉)ကာကွယ် ကုသထိန်းချုပ်ရေးကော်မတီထံသို့ အလှူရှင်များက Oxygen အိုးများလာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လားရှိုးမြို့နယ် ကိုဗစ်(၁၉)ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီထံသို့ ဇူလိုင်(၈)ရက်နေ့အထိ အလှူရှင်များဖြစ်ကြသော ဦးကျော်စွာထွဋ်မှ Oxygenအိုး (၁၀)လုံး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ လားရှိုးက Oxygenအိုး(၁)လုံး၊ ဦးညွန့်ထွေး-ဒေါ်စန်းစန်းဝင်းတို့က Oxygen အိုး(၁)လုံး၊ ဦးဝင်းနိုင် Silver Sky Hotelမှ Oxygenအိုး(၂)လုံး၊ ဦးကံမြိုင်-ဒေါ်သန်းကြည်၊ ရပ်ကွက်(၈)မှ Oxygenအိုး(၁)လုံး၊ဒေါ်အေးရွှေ(မာလာကင်း)မှ Oxygen အိုး(၂)လုံး၊ဦးနူနူး ရပ်ကွက်(၄)မှ Oxygenအိုး(၁)လုံး၊ ဦးမြတ်မင်းကောင်း MMK ဆန်ပွဲရုံမှ Oxygenအိုး(၁)လုံး၊ ဦးတုံဒီရန်(ခ)မောင်မောင်-ဒေါ်အေးသန့် ရပ်ကွက်(၄)မှ Oxygenအိုး(၁)လုံး၊ ဦးရေချမ်း (ငွေရည်ပုလဲကုမ္ပဏီ)မှ(၂၃)လုံး၊ ဦးစိုင်းမွန်း-ဒေါ်နန်းဆိုင်ခမ်း(မန်ပန်ပြည်သူ့စစ်) ရပ်ကွက်(၁၂)မှ Oxygenအိုး(၁၀)လုံး၊ဦးအောင်စိုးဦးမိသားစုမှ Oxygenအိုး(၂)လုံး၊ ဦးစိုင်းကြူ-ဒေါ်အေးကြည် Hom Hway Co,ltd မှ Oxygenအိုး (၂)လုံး၊ဒေါ်ယဉ်ယဉ်-ဒေါ်ရန်ကျန်ဖြင့်-ကိုးကန့် ယူနန်လူမျိုးများမှ Oxygenအိုး(၂၅)လုံး၊ ဦးသိန်းမင်းထွန်း(အမှတ်တရပစ္စည်းထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေးအသင်း ဥက္ကဋ္ဌ)မှ Oxygen အိုး(၁)လုံး၊ ဦးစိုင်းထွန်းလှ (အောင်မြေသံလွင် ကုမ္ပဏီ လိမိတက်)မှ Oxygenအိုး (၅)လုံး၊မြန်မာနိုင်ငံလုံးဆိုင်ဂေါ်ရခါးအဖွဲ့ချုပ်မှ Oxygenအိုး(၁)လုံး စုစုပေါင်း Oxygenအိုး(၈၉)လုံးတန်ဖိုးငွေ(၁၉၁၂၀၀၀၀)ကျပ်တန်ဖိုးတို့အား လှူဒါန်းပေးလျက်ရှိနေ ကြောင်း မြို့နယ်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးထံမှ သိရသည်။
လားရှိုးမြို့ရှိ ကိုဗစ်(၁၉) စောင့်ကြည့်ကုသရေးစင်တာများတွင် ဇူလိုင်(၇)ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာပေါင်း(၆၄၁)ဦးရှိနေပြီး ဆေးရုံဆင်းသူ (၃၀၇)ရှိကာ သေဆုံးသူ(၁၅)ဦးရှိနေကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)