မိုင်းကိုင် ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့အဝင် အထွက်ဂိတ်များ ထားရှိ၍ စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ခရီးသွားများ ၊ လမ်းသွားလမ်းလာများအား အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အပူချိန်မြှင့်တက်မှု၊ ထူးခြားမှုရှိသူကို တွေ့ရှိက မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုခံယူစေခြင်း၊ သတ်မှတ်ထားသော Quarantine Center များတွင် ကြီးကြပ်စောင့်ကြည့်ရေးစခန်းများ ဆောက်လုပ်ခြင်း၊ တာဝန်ချထားဆောင်ရွက်ခြင်း၊ Quarantine Center ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးခြင်း၊ ကြီးကြပ်ထောက်ပံ့ရေး အဖွဲ့များမှ လှည့်လည်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယနေ့ နေ့လည်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းမှာကြားကာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)