ဇေယျာသီရိမြို့နယ်အတွင်းရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သင်ကြားနေမှုရှိ/မရှိကိုယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးထိုသို့ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးဝင်းထင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်၊ မြို့နယ်ခုတင်(၅၀) ခေတ္တဆေးရုံအုပ် ဒေါက်တာ ထွဋ်ညိုလင်းနှင့်တာဝန်ရှိသူများက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကိုဗစ်-၁၉စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စာသင်ကြားနေမှုများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။