လယ်မြေဧက ၂၄၀ ကို အကျိုးပြုလျက်ရှိသည့် ထီးလင်းမြို့နယ် ကျင်းကျေးရွာက တောင်အိုဆည်
Aug 14,2020
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျင်းကျေးရွာအနီး ပင်ထောင်ချောင်းကို အမှီပြု၍ ဆောက်လုပ်ထားသည့် တောင်အိုဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆ သန်းဖြင့် ဂန့်ဂေါခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနက သံခြင်း ကျောက်ဖြည့်ရေလွှဲဆည်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့မှ စတင်အကောင်အထည်ဖော် ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါ ဆည်တည်ဆောက်မှု မှာ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။