ဘုရားသုံးဆူ ဇူလိုင် ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နေ့လယ် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ လေးဖာထောကျေးရွာသို့ ကွင်းဆင်း၍ ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမြင့်နိုင် က ဦးဆောင်၍ တပ်ဖွဲ့များဖြင့် ကျေးရွာနေပြည်သူများအား တွေ့ဆုံးပြီး ကိုဗစ် ၁၉ နှင့်ပတ်သက်သော အသိပညာပေး အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး မျက်နာကာ (၂၀)ခု၊ အင်္ကျီ (၂၀) ထည်၊ mask (၂)ဖာ၊ လက်အိပ်(၁)ဖာ၊ လက်ဆေးရည်(၁) ဖာ၊ ကာဘော်လစ်ဆပ်ပြာ(၁)ဖာတို့အား ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။