ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ

ကျိုင်းတုံ ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ အား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT Testkit ဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်လျှပ်စစ်ဝန်ထမ်း တစ်ဦးတွင် ဇူလိုင် ၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ၎င်းနှင့်ထိတွေ့ခဲ့သူ ၅၄ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့က ဒုတိယ အကြိမ် RDT Testkit ဖြင့် ထပ်မံ စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။

ထို့အပြင် ဇူလိုင်လ ၅ ရက်က မိုးကောင်းကင်ယာဉ်လိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည် ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၈ ဦးအား ယမန်နေ့က ပထမ အကြိမ် RDT Testkit ဖြင့် စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိရကြောင်းသိရပြီး ကျိုင်းတုံမြို့ နယ်တွင် ဇွန် ၂၉ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။

အောင်ဇင်မြင့်