မိုးမိတ် ဇူလိုင် ၈
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နေ့လည် ၂ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေး၊ မန်ကျည်းပင်ကျေးလက်ဈေး၊ ဘော်ဒေကျေးလက်ဈေး၊ ကင်းချောင်းကျေးလက်ဈေးများတွင် ပိုးသတ်ဆေးဖြန်းခြင်းများကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ပြီး ဈေးဆိုင်များဖွင့်လှစ်ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားနိုင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေရန်အတွက် နေ့စဉ်နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးတင်ရှိန် ထံမှ သိရသည်။
မိုးမိတ်သား