မိုင်းဆတ်မြို့၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲအခမ်းအနားကျင်းပ

မိုင်းဆတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်းက မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် အားရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က မြို့နယ်အတွင်း လုံခြုံရေးနှင့် တန်ပြန်မြို့ပြ ပြောက်ကျား စစ်ဆင်ရေးစီမံချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးဌေးလှိုင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာ ရေးများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်