ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားကွင်း ဧရိယာအတွင်းတွင် ကောင်းသစ်ဟိန်း ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် အလျား(၂၄၉)ပေ အနံ(၁၉၀)ပေ အမြင့်(၅၇)ပေရှိ ဖူဆယ်အားကစားရုံ (Multi Purpose) ဆောက်လုပ်နေမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေခွင့်ပြု ချက်ဖြင့် KSWA Co.Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် အလျားပေ(၁၀၀) အနံပေ(၃၀) RC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေ မှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။