နမ္မတူ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေးခြင်းဆောင်ရွက်

နမ္မတူ ဇူလိုင် ၈

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိ ပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆော်ဩဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက နမ္မတူမြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် Stay at Home (၁၀)ရက် သတ်မှတ်ခြင်းခံရပါက ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေး တာဝန်သိစိတ်ဖြင့် အပြင်လုံးဝမထွက်ဘဲ သတ်မှတ်စည်းမျဉ်း စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ ရပ်ကွက်နေဒေသခံပြည်သူများမှ Stay at Home ပြည်သူများအား လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မိမိကိုယ်ကိုသံသယ လက္ခဏာ တစ်စုံတစ်ရာခံစားရပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအား အများပြည်သူ အသိပညာ ပေး နမ္မတူမြို့နယ်အတွင်း၌ လှည့်လည်ဆော်ဩဆောင်ရွက်ခဲ့ကြသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၉)ဦးရှိပြီ ဖြစ်ပြီး၊ (၅)ဦးဆေးရုံဆင်းခွင့်ရရှိကာ၊ (၂)ဦးသေဆုံးခဲ့ပြီး၊ (၁၂)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လူမော်