တောင်ငူ​ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနအတွက် အောက်စီဂျင်အိုး (၇) လုံးနှင့် လေဘားဂိတ်များ စုပေါင်းလှူဒါန်း

တောင်ငူ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး ကိုဗစ်- ၁၉ ရောဂါကုသရေးဌာန၌ အရေးပေါ် လိုအပ်သည့် လူနာများအတွက် အောက်စီဂျင်အိုးများ ရရှိနိုင်ရေးရည်ရွယ်ကာ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့က အလှူရှင်များကိုယ်စား တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (ERT) မှ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာ၌ ကိုဗစ် - ၁၉ ကုသရေးဌာန၌ အသက်ရှုရန်ခက်ခဲ့သည့် လူနာများအတွက် အထောက်အကူဖြစ်စေရန် အောက်စီဂျင်အိုး (၇) လုံး နှင့် လေဘားဂိတ်များကို တောင်ငူပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ ပေးအပ်လှူဒါန်းရာ တာဝန်ခံတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။