Stay at Home အစီအစဉ်အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းစစ်ဆေး

ပဲခူး ဇူလိုင် ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်၌သာနေရန် Stay at Home အစီအစဉ်အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် (၉:၃၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်ကြီးများ အတွင်း စိစစ်ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့ပေါ်ရပ်ကွက် စိစစ်ကြပ်မတ်စစ်ဆေးရေး အဖွဲ့များဖြစ်သည့် ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် ရပ်ကွက်ကြီးဖြစ်သည့် ရပ်ကွက်ကြီး (၁)၊ (၅)၊ (၈)၊ (၉) ရပ်ကွက်များရှိ လူဝင်ပေါက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် သွားလာနေသော ပြည်သူများအား Mask တပ်ဆင်စေခြင်း၊ လက်သန့် ဆေးရည် ထားရှိစေခြင်း၊ စျေးဝယ်ကတ်ဖြင့် သွားလာစေခြင်းတို့ကို စစ်ဆေးဆောင်ရွက်မှုအား စစ်ဆေးပြီး ဂိတ်ပေါက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မပြန့်ပွားစေရေးအတွက် ဝင်ဂိတ်၊ ထွက်ဂိတ်များတွင် လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း