ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃၁)ဦးထိ ရှိလာ

ပေါက်ခေါင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၁၃၁)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ(၁၃၁)ဦး၊ ကုသမှုခံယူနေသူ (၁၃၁)ဦး၊ ဆေးရုံဆင်းသူ(၁)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်၊၊

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိသူများ ရှိသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်း ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥမ္မာကျေ