ဝန်းသို ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း CBFQ တွင် ယမန်နေ့က အနံ့ပျောက်သူများနှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း (၃၇)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ဝင်းကြီး(၆)မိုင်မှ ၁ ဦး၊ ပိန္နဲကုန်းကျေးရွာမှ ၁ ဦး၊ သင်တော ကျေးရွာမှ ၄ ဦး၊ စက်ဝင်း (၂)ရပ်မှ ၉ ဦး၊ မြို့သစ် (၁)ရပ်မှ ၁ ဦး၊ ဖလဲတန်းရပ်မှ ၁ ဦး၊ မြို့သစ်(၃)ရပ်မှ ၁ ဦး၊ စုစုပေါင်း ကိုဗစ် -၁၉အတည်ပြုလူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအတည်ပြုလူနာများအနက် ဂျိုးတောင်တိုက်နယ်ဆေးရုံ သီးသန့်ကုသလူနာဆောင်တွင် ၄ ဦး မြို့နယ်ပြည်သူ့ဆေးရုံသီးသန့်ကုသလူနာဆောင်တွင် ၃ ဦး၊ ကျန်အတည်ပြုလူနာ ၁၁ ဦးအား အောင်သိဒ္ဓိဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် သီးသန့်ထားရှိ၍ကုသပေးလျက်ရှိပြီး ဝန်းသိုမြို့နယ်တွင် လက်ရှိ အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၁ ဦးရှိပြီဖြစ်သည်။
ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာသစ်များဆက်လက်များပြားလာပါကထားရှိ နိုင်ရန်အတွက် မြို့နယ်အားကစားကွင်းနေရာလွတ်တွင် ယာယီဆေးရုံတည်ဆောက်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှဦးစီး၍ ပြင်ဆင်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ကျော်မြိုင်