လွိုင်လင် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ခရိုင်ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ လွိုင်လင်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလတွင်ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Faciality Quarant နေရာများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။ အဆိုပါအစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းသန့်