ပင်းတယ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွါးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အင်းခေါင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ် ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးအောင်လွင်မိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ချစေရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွါးရေးလုပ်ငန်း များ၊ အခြား မိသားစုဝင်ငွေတိုးစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှုးနှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်စီမံကိန်းဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ် ငန်းများလုပ်ကိုင်ရန် အသင်းသား၊ အသင်းသူ ၁၀၈ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၄ ဒသမ ၈ သန်းကို ထုတ် ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အင်းခေါင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်သိန်း (၁၀၀)အား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ရွာလယ်ကွန်ကရစ်လမ်းခင်းခြင်း ပေ ၂၅၀၀ အား ယခုဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ဒေါ်မိုးမိုးထွေး