ဘူတာဈေးရှိ ဈေးသည်များအား ယာယီဈေးတွင် ပြောင်းရွှေ့ရောင်းချနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

လားရှိုး ဇူလိုင် ၁၂

လားရှိုးမြို့တွင် ရောဂါပိုးတွေ့ရှိ လူနာများ များပြားလာမှုကြောင့် မြို့မဈေးကြီး အပါအဝင်ဈေး(၃)ဈေး နှင့် ရပ်ကွက်(၉)ရှိ(ဘူတာဈေး)အား ယာယီပိတ်သိမ်းကြောင်း ဇွန်လ(၁၈)ရက်နေ့မှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသည် ယာယီပိတ်သိမ်းထားသော ဈေးများတွင် ဈေးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ရပ်ကွက်(၉) (ဘူတာဈေး)ရှိ ဈေးသည်များအနေဖြင့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှု အားနည်းသဖြင့် ဇူလိုင်လ(၁၂)ရက်နေ့မှစတင်၍ ဈေးအတွင်း လုံးဝရောင်းချခြင်း မပြုရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ယာယီဈေးသတ်မှတ်ထားသော အထက(၈) ဘောလုံးကွင်းနေရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြောင်းရွှေ့ရောင်းချနိုင်ရေးကို ယနေ့ နံနက်(၅)နာရီချိန်မှ စတင်ကာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှ ယာယီဈေးသို့ ဝိုင်းဝန်းပူးပေါင်း ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ဥမ္မာချို