သတင်းများ

ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများအား ကုသပေးနေမှုအခြေအနေများနှင့် ဆောင်ရန်/ရှောင်ရန်များကို ဆေးရုံတာဝန်ခံအား သွားရောက်တွေ့ဆုံမေးမြန်း
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများအား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေးနေမှုအခြေအနေများနှင့် ရှောင်ရန်/ဆောင်ရန်စသည့် အကြောင်းအရာများကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံတာဝန်ခံအား ယနေ့ နံနက် (၁၁) နာရီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ ဆရာဝန်ကြီးမှ ယခုလို ပြန်လည်ဖြေကြားခဲ့ပါသည်။
ကျောက်တန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံအား ကိုဗစ်-၁၉ Positive Center ဖွင့်လှစ်ထားရှိရေး ထပ်တိုးပြင်ဆင်ဆောင်ရွက်
Jul 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေအတည် ပြုလူနာ (၁၄၀) ဦးအထိ တွေ့ရှိလာပြီး ယာယီဆေးကုသရေးစင်တာ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တွင် ဆက်လက်ထားရှိရန် နေရာမလုံလောက်မှု ကြောင့် ကျောက်တန်းမြို့ မိုးလုံလေလုံအားကစားရုံအား ကိုဗစ်-၁၉ Positive Center အဖြစ် ထပ်မံ၍ ယမန်နေ့က ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရန် Local Semi Lockdown အဖြစ်သတ်မှတ်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ (ကိုဗစ်-၁၉)ရောဂါ ကာကွယ်တားဆီးရန် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာ အချို့နှင့် ဝမ်းတွင်းမြို့ပေါ်(၆)ရပ်ကွက်အား (Local Semi Lockdown) အဖြစ် သတ်မှတ်ကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ကျောက်ဆည်မြို့တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲ (Talk Show )ကျင်းပ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန Community Centre သို့ သတင်းမီဒီယာ ဥပဒေ စာအုပ်နှင့် ဦးထုပ်များလှူဒါန်း
Jul 13,2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျင့်ဝတ်နှင့် ညီသော သတင်းမီဒီယာသမားများ၏ လူမှုဘဝ လုံခြုံရေး အထောက်အကူပြုစေရန်နှင့် သတင်းမီဒီယာ သမားများအနေဖြင့် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ်နှင့် လျော်ညီ သည့် သတင်းမီဒီယာအရင်းအမြစ်များ အရည်အသွေးမြှင့် ဆောင်ရက်နိုင်ရန်၊ ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များက သတင်းမီဒီယာ ဥပဒေစာအုပ်(၁၇)အုပ်နှင့် သတင်းမီဒီယာသမားများ အသုံးပြုရန်အတွက် ဦးထုပ်(၂၅)လုံးကို လာရောက်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ခရိုင် ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်သော အကြောင်းအရာများအား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိ အခြေအနေတွင် ကူးစက်မှုနှုန်း မြင့်မားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ် အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိကုသပေးနေသောရောဂါ လက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ-
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆေးရုံတွင် စစ်ဆေးမှုခံယူသူ(၃)ဦးနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ(၅)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီ အချိန်ထိ၊ ကိုဗစ်-၁၉ရောဂါ သံသယဖြင့် လာရောက်အစစ်ဆေးခံသူများနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ များအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၈)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 13,2021
ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရေးနှင့် လူနာများအောက်စီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေ လွယ်ကူစွာ ထုတ်ယူအသုံးချနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများအား ကော့သောင်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။