သတင်းများ

မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များကို ဆေးကုသမှုများ ဆောင်ရွက်ပေး
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင် ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများကို ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပုလဲပြည်သူ့ ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်ထံမှ သိရ သည်။
မိုးညှင်းမြို့၌ ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 13,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘော့မြို့၌ Quarantine Centre ထားရှိရေး ပြင်ဆင်ဆောင်ရွက်
Jul 13,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်ထားရှိရေးအတွက် မချမ်းဘော့မြို့နယ် ကျန်းမာရေးဌာနပိုင် ဝန်ထမ်းအိမ်ယာတွင် ထားရှိရေးအား ယမန်နေ့နံနက် ၁၁ အချိန်၌ Quarantine Centre ပြင်ဆင်ဆောင်ရွက် ထားကြောင်း သိရသည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာလေးဦး ထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ လေးဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်း
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံး၌ ယနေ့နံနက်(၁၁)နာရီအချိန် လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်(၁)သိန်းလှူဒါန်း
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူငွေကျပ်(၁)သိန်း လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပညာရေး ကောလိပ်(၄)ထပ်ဆောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးခြား စောင့်ကြည့်ရေး အဆောင်အဖြစ် ပြင်ဆင် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး
Jul 13,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအပြင် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ပညာရေးကောလိပ်(၄)ထပ် စာသင်ဆောင်သစ်တွင် ပိုးတွေ့လူနာ များအား သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင်ရေး ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ ချပြညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။