ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်သော အကြောင်းအရာများအား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ဇူလိုင် ၁၃
 
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိ အခြေအနေတွင် ကူးစက်မှုနှုန်း မြင့်မားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ် အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိကုသပေးနေသောရောဂါ လက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ-
 
မေး - ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် ယခုလက်ရှိဆေးရုံကြီးလည်ပတ်နေမှု အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားပေးပါဦးရှင့်။
ဖြေ- ရန်ကုန်အရှေ့ပိုင်းခရိုင် ဆေးရုံကြီး အနေဖြင့် ဆေးလာရောက် ကုသသော အရေးပေါ် လူနာများအတွက် အဓိကထား ကုသဆောင်ရွက်ပေးလျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လူနာများ အတွက် မိမိတို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသော အခန်းများတွင် အထူးကြပ်မတ် ကုသပေးလျက်ရှိပါတယ်။
 
မေး-မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးရဲ့လက္ခဏာတွေက ဘယ်လိုတွေ ဖြစ်ပေါ်တတ်ပါသလဲရှင့်။
ဖြေ- မျိုးရိုးဗီဇပြောင်း ကိုဗစ် ရောဂါက အရင်ကိုဗစ်ရောဂါပိုးတွင် ဖြစ်ပေါ်တက်သော လက္ခဏာတွေအပြင် ဝမ်းလျှောဝမ်းပျက်ခြင်း၊ ခြေလက်များ အရောင်ပြောင်းခြင်းနှင့် မျက်စိနီခြင်းတို့ ဖြစ်တက်ပါတယ်။
 
မေး - ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူတွေအနေဖြင့် ရောဂါကူးစက် ခံရနိုင်ပါ သလားရှင့်။
ဖြေ - ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများလည်း ရောဂါကူးစက်နိုင်ပါသည်။ ကာကွယ်ဆေးထိုးပြီးသူများလည်း ဂရုတစိုက် ပြုမှုနေထိုင်သင့်ပါတယ်။
 
မေး - ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်သင့် ပါသလဲရှင့်။
ဖြေ - မိမိကိုယ်မိမိ ရောဂါသံသယရှိလာပါကလည်း မိမိပတ်ဝန်းကျင်ရှိ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်၍ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်သင့် ပါတယ်။
 
ရန်ကုန်အရှေ့ပိုင်းခရိုင် ဆေးရုံကြီး အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ရောဂါများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအတွက် ကုသခန်း တစ်ခုစီတိုင်းတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် ပြင်ဆင်ဆောင်ရွက် ထားရှိပြီး အများပြည်သူကျန်းမာရေးအတွက် အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။