မန္တလေးမြို့တွင် မော်တော်ယာဉ်ဥပဒေအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 19,2020
အသစ်ပြဋ္ဌာန်းထားသည့် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်ဥပဒေပါအကြောင်းအရာများကို အများပြည်သူသိရှိစေရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ လိုက်နာနိုင်ရေးနှင့် ယာဉ်တိုက်မှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုများ လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၂ လမ်းနှင့် ၃၂ လမ်းကြားတွင် ဆောင်ရွက်သည်။