သတင်းများ

မိုင်းဆတ်မြို့၌ ဆိုလာလမ်းမီးတိုင်များ တပ်ဆင်ခြင်းဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် ညအချိန်ဖြတ်သန်းသွား လာသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆိုလာလမ်းမီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်း ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့အဝင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်
Jul 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဝါးဘိုးတော - ကမမောင်း - ဖာပွန်ကားလမ်းပေါ်ရှိ ကမမောင်းမြို့အဝင်အထွက်တွင် ကျန်းမာရေး အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ (ပိုးတွေ့)အတည်ပြုလူနာများ ထားရှိကုသမှုခံယူရန် နေရာအခက်အခဲရှိလာနိုင်မှုကြောင့် မြို့နယ်အားကစားရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 13,2021
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟုသိရှိရပြီး မျိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲအတည်ပြုချက်များအရ သိရှိပြီး ဖြစ်သည်။
မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၁)ဦးစတင်တွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အမှတ်(၂)ရပ်ကွက်တွင် HomeQuarantineထားရှိ သည့် အမျိုးသားတစ်ဦးအား ယနေ့နံနက်က RDTtestkitဖြင့် ပထမအကြိမ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့
Jul 13,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်း‌များသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ(၂)ဦး ရောဂါပိုးထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ရဲကင်းစခန်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမျိုးသမီး(၁)ဦးသည် အသက်ရှုကြပ်ရောဂါဖြစ်သဖြင့် ဆိုက်ခေါင်တိုက်နယ်ဆေးရုံတွင် သွားရောက်စစ်ဆေးမှုခံယူခဲ့ရာ Rapid Test Kit ဖြင့် စစ်ဆေးမှုအရ Covid-19 Positive အဖြေထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်း
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်တွင် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်း၊ ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့အထိ (၈၄၃၅) ဦးထိုးနှံပြီး ယခုတတိယလှိုင်းကာလတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်(၅)ရက်နေ့တွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြင့် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ Home Quarantine ထားရှိသူများအား RTD ဖြင့်စစ်ဆေးရာ ပိုးမတွေ့
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် Home Quarantine (HQ)ထားရှိသူများအနက် ယနေ့နံနက်ပိုင်းက ပထမအကြိမ်စစ်ဆေးမည့် မ(၂)ဦး၊ ဒုတိယအကြိမ် စစ်ဆေးမည့် ကျား(၃)ဦးနှင့် မ(၃)ဦး စုစုပေါင်း(၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့(Negative)အဖြေ ထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။