သတင်းများ

ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီ က အဆိုပါကျေးရွာမြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ အိမ်၌ ကျင်းပပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများက ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ပူးပေါင်းဆောင် ရွက်ခြင်း ၊ အသိပညာပေးခြင်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
မြဝတီမြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင်ဆိုင်ထိုင်စားသောက်ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေး
Jul 13,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာသဖြင့် မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့်စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ရောင်းချမှု ရှိမရှိကို ယမန် နေ့လယ်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် "ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ဟွေအောကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တီကျစ်တိုက်နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သူ ၇ ဦး ဆေးရုံမှ ဆင်းခွင့်ပြု
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၀)ဦးမှ ကျန်းမာရေးကောင်းမွန်လာသူ (၇) ဦးကို ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း တီကျစ်တိုက်နယ်ဆရာဝန် ဒေါက်တာနန်းနှင်းသဲထွန်းမှ သိရသည်။
ရွှေကျင်မြို့ရှိ စည်ပင်သာယာမြို့မစျေးအား ယာယီပိတ်ထား
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် ညဈေး လွတ်လပ်ရေး ကျောက်တိုင်အနီးရှိ ရွှေကျင်မြို့နယ် စည်ပင်သာယာမြို့မစျေးအား ယနေ့ နံနက်မှစ၍ ၁၉ ရက်နေ့အထိ ယာယီပိတ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့နယ်၌ မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေး
Jul 13,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးတွင် ဇူလိုင်လ (၁၂)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့အထိ ရုံးဖွင့်ရက်ဖြစ်သည့်တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ် ရုံးချိန်အတွင်း One Stop Serviceစနစ်ဖြင့် ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။