သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါမှကြိုတင် ကာကွယ်ရေးအတွက် Mask များ လှူဒါန်း
Aug 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဓိကဖြစ်သည့် Mask များကို ယမန်နေ့နံနက်
ရေဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲများ ကျန်းမာရေး၀န်ကြီးဌာန လမ်းညွှန်ချက်များ လိုက်နာ ဆောင်ရွက်ထားရှိမှု ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးသန်းညွန့်၀င်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ဆရာ၀န် ဆေးရုံအုပ် ဒေါက်တာ လေးဖြူပြာအောင်၊ မြို့နယ်ပညာရေးမှူရုံး လက်ထောက်ပညာရေးမှုး ဦးဇော်ဇော်မြင့်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၀နာရီက ရေဦးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲများတစ် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ထားရှိမှု ဒုတိယ အအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် Covid 19 Economic Relief Plan (CERP) သင်တန်းဖွင့်လှစ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊‌ ကျောက်မြောင်းမြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာကျော်မျိုးသူ ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၀ ရက်‌နေ့မှစတင်ပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက်အရ ကျေးရွာများတွင် (CERP) သင်တန်း ပို့ချဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသော အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်
Aug 19,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်း မြို့နယ်မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအပါအဝင် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးကို သြဂုတ်လ ၁၈ ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။
ကန့်ဘလူ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရှိရသည်။
မိုင်းဖြတ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉နာရီ က ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။