မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ​ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်​ဆေး

မော်လမြိုင်  ဇူလိုင် ၁၄


မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယ​မန်နေ့ မွန်းလွဲ ၂ နာရီက​မော်လမြိုင်တက္ကသိုလ်ရှိ CBFQ ထားရှိရာ​နေရာများသို့ လည်း​ကောင်း၊ပိုး​တွေ့အတည်ပြုလူနာများထားရှိကုသ​ပေးမည့်မော်လမြိုင်မြို့နယ် အတွင်း Isolation  Ward-1၊ IsolationWard-3သို့သွား​ရောက်ကြည့်ရှုစစ်ဆေးသည်။

 

စစ်ဆေးရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကမွန်ပြည်နယ်တွင်ပိုးတွေ့လူနာ ထားရှိကုသ​ပေး​နေသည့် ​နေရာများအတွက်  လိုအပ်သည့် ​​အောက်ဆီဂျင်များ၊ Maskများ၊ PPEဝတ်စုံ များအပြင် အခြားလိုအပ်သည်များကို ဖြည့်ဆည်း​ ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း၊ တပ်မ​တော်​ ​ဆေးဘက်ဆိုင်ရာသမား​တော်များ၊ ကျန်းမာ​ရေးဦးစီးဌာနမှ  ဆရာဝန်များ၊ ကျန်းမာ​ရေးဝန်ထမ်း များ၊  ပရဟိတအဖွဲ့များကလည်း   ဝိုင်းဝန်းပူး​ပေါင်း   ကူညီ​ဆောင်ရွက်​ပေးကြ​စေလိုပါ​ကြောင်း  လမ်းညွှန် မှာကြားခဲ့သည်။


မွန်ပြည်နယ်အတွင်း  ကိုဗစ်−၁၉ရောဂါကာကွယ်    ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက်   တပ်မ​​တော်ဆေး ဘက်ဆိုင်ရာ    သမား​တော်များ၊    ကျန်းမာ​ရေးဦးစီးဌာနမှ     ဆရာဝန်များ၊  ကျန်းမာ​ရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက  CBFQ ထားရှိရာ ​နေရာများ၊ ပိုး​တွေ့ လူနာထားရှိကုသ​ပေးမည့်  နေရာများကိုလည်း  ကူညီဆောင်ရွက်​ပေး​ကြကြောင်း သိရသည်။

   

ခရိုင်(ပြန်/ဆက်)