ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်မံတွေ့ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် (၃)ဦးဆေးရုံဆင်းခွင့်ရ

မောင်တော   ဇူလိုင်  ၁၄

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ ခဲ့သူ များ ၊   ဖျားနာ ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား  ယမန်နေ့ တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။   

အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံ နှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး  ဇူလိုင် ၁၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာများအနက် (၃)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အ တည် ပြုလူနာ စုစုပေါင်း (၃၂၃)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၁၇၆)ဦးမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၅)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၁၄၂) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရ သည်။   

သက်လွင်စိုး