အောင်မြေသာစံ ဇူလိုင် ၁၄
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးများပက်ဖျန်းခြင်းကို ယနေ့နံနက် ၁၁နာရီက သီရိမာလာအရှေ့ ရပ်ကွက်၊ ၈၆လမ်းနှင့် ၈၇လမ်းကြား၊၂၃လမ်းနှင့်၂၄လမ်းကြားရှိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၅)မြို့မရဲတပ်ဖွဲ့စခန်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ပိုးသတ်ဆေးဖျန်းခြင်းကို မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့၊ တပ်ခွဲ(၂)မှ တပ်ခွဲမှူး ရဲနီထွန်း၊ မင်းတဲအီကင်းရပ်ကွက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူးမင်းမင်းစိုးနှင့်တပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းနှင့်အမှတ်(၅)မြို့မရဲတပ်ဖွဲ့စခန်းရှိ စခန်းမှူးရုံးခန်း၊ အချုပ်ခန်း၊ တာဝန်မှူးရုံးခန်း၊ ဝန်ထမ်း လိုင်းခန်း များအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)