နတ်တလင်းမြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ အတည်ပြုလူနာအသစ် ( ၂၁) ဦးထပ်မံတွေ့ရှိ

နတ်တလင်း ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ယနေ့ နေ့လည်ပိုင်းအထိ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၏  RDTTest Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် (၂၁) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၂၁) ဦးသည် မြို့နယ်ပြည်သူ့အားကစားကွင်းဆေးစစ်ဌာနမှ( ၃) ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံဆေးစစ်ဌာနမှ(၁၁)ဦး၊ တာပွန်တိုက်နယ်ဆေးစစ်ဌာနမှ (၆)ဦးနှင့် ပွတ်စုကျန်းမာရေးဆေး စစ်ဌာနမှ (၁) ဦးတို့ ဖြစ်ကြသည်။ ကိုဗစ်-၁၉ အတည်ပြုလူနာများကို နတ်တလင်းမြို့နယ် ပိုးတွေ့ရှိမှု( ၁၂.၇.၂၀၂၁)ယခင်( ၁၀၅)ဦး၊ ယခု( ၂၁) ဦး၊ စုစုပေါင်း( ၁၂၆)ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံမှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ပရဟိတအသင်းဝင်များ၊လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားထားဦး