သာစည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး စည်းဝေးခန်းတွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က သာစည်မြို့နယ် အတွင်း ကိုဗစ်−၁၉ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာ ကော်မတီဝင်များ ၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ရောဂါပိုးကူးစက်ဖြစ်ပွားမှုများသည့် ပြည်ညောင်ကျေးရွာတွင် ကူးစက်မှု လျော့နည်းပပျောက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊ လှုမှုရေးအထောက်အကူပြုအဖွဲ့များမှ လည်း ဆေးဖျန်းခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် တင်ပြလာမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်က ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင် လိုအပ်မှု ရှိလာပါက ပြင်ဆင်ထားရှိမှုများ ၊ အလှုရှင်များလှူဒါန်းထားရှိသည့် လှူဒါန်းရရှိမှုများအား Hospital Quaratine နှင့် Facality Quaratine တို့တွင် လှူဒါန်းမှု ၊ ဝယ်ယူထောက်ပံ့မှု အခြေအနေများ ၊ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထူးက ရောဂါပိုးကူးစက်ဖြစ်ပွားမှုများသည့် ပြည်ညောင်ကျေးရွာနှင့် အနီးဆုံးဖြစ် သည့် ယင်းမာပင်ကျေးရွာ ၊ (၂၅) ကုတင် တိုက်နယ်ဆေးရုံအား အရန်ဆေးရုံ အဖြစ် ဆောင်ရွက်သွားမည် ကိစ္စရပ်များ အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊ စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ထပ်မံရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းနောက် တက်ရောက်လာသည့် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြရာ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များကို လိုက်နာဆောက်ရွက်နိုင်စေရန်နှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေရေး ပညာပေးဆောင်ရွက်ထားရှိမှုများ ပိုမိုဆောင်ရွက်နိုင်ရန်၊ စစ်ဆေးရေး ဂိတ်များတွင် စနစ်တကျဆောင်ရွက်နိုင်ရန် ၊ ကိုဗစ်−၁၉ ရောဂါတွေ့ရှိသူများ၊Quarantine Centre များ၌ ဆောင်ရွက် ထားရှိမှု အခြေအနေများ ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။