တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်သူ(၅၁၇)ဦးအတွက် စားရိက္ခာများ ထောက်ပံ့ပေးအပ်

တနင်္သာရီ   ဩဂုတ်   ၁

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် သဘာဝဘိုးဘွားရိပ်သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ (၂၇ ရက်နေ့မှ ၃၁ ရက်နေ့)အထိ တနင်္သာရီမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရေကြီးနစ်မြုပ်မှု သဘာဝဘေးဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးစခန်း(၉)ခုနှင့် ကျေးရွာ(၄)ရွာတွင် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်အိမ်ထောင်စု(၁၀၂)စုမှလူဦးရေ အမျိုးသား(၂၅၃)ဦး၊ အမျိုးသမီး (၂၆၄)ဦး စုစုပေါင်း(၅၁၇)ဦးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကယ်ဆယ်ရေး ပစ္စည်း၊ စားရိက္ခာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရေဘေးသင့်ပြည်သူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အမှာစကားပြောကြားပြီး ယခင်နှစ်များတွင် မြို့နယ်အတွင်းအလှူခံရရှိထားသည့် သဘာဝဘေးရန်ပုံငွေဖြင့် ရေဘေးသင့်ပြည်သူ(၁)ဦးလျှင်(၇)ရက်စာ ဆန်နို့ဆီဗူး (၁၄)ဘူး၊ ကြက်ဥ (၁၄)လုံး၊ မားမားခေါက်ဆွဲခြောက်(၁၄)ထုပ်၊ ငါးသေတ္တာ(၁၄)ဘူး၊ ရေသန့်တစ်လီတာဝင်(၁၄)ဘူးစီတို့အား ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ပေးသည့်တန်ဖိုးမှာ ရေဘေးသင့်ပြည်သူတစ်ဦးအတွက် (၇)ရက်စာ တစ်ယူနစ်တန်ဖိုး(၁၈၂၃၅) ကျပ်ဖြစ်ပြီး လူဦးရေ (၅၁၇)ဦးအတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ်(၉၄၂၇၄၉၅) (ကျပ်ကိုးဆယ့်လေးသိန်းနှစ်သောင်းခုနှစ်ဆောင်လေးရာ ကိုးဆယ့်ငါးကျပ်) ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)