ပလောက်မြို့၌ဩဂုတ်လ(၂)ရက်နေ့မှစ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်

ပလောက်     ဩဂုတ်    ၁

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ပလောက်မြို့ အတွင်း ရှိပြည်သူများကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဩဂုတ်လ (၂)ရက်နေ့ မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပလောက်မြို့၊  အမှတ်(၁)(၂)(၃)(၄) မြို့ပေါ် ရပ်ကွက်များ မှ အသက်(၆၅) နှစ် နှင့် အထက်ရှိအဘိုးအဘွားများကို ပလောက်မြို့   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၊ရွှေသီလာရတနာခန်းမတွင် ဩဂုတ်လ(၂) ရက် နေ့ နံနက်  (၈:၃၀)နာရီမှစ၍  ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။

နှင်းမြူလွင်