ညောင်ရွှေမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ

ညောင်ရွှေ      ဩဂုတ်  ၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ မြို့မဇုန်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ် အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ် ထုတ်ပြန်ထားသည့် ကူးစက်ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအ ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကာ ကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ Volunteerနှင့် ပရဟိတအသင်းအဖွဲ့များ၊ သံဃာတော်များ၊ သီလရှင်များ၊ အခြားဘာသာရေးသာသနာ့ဝန်ထမ်း များ၊ ဘိုးဘွားရိပ်သာများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်မိုတယ်၊ တည်းခိုခန်းဝန်ထမ်းများ၊ စည်ပင်သာယာဈေးအတွင်း ရောင်းချကြသည့်ဈေးသည် များနှင့် အကျဉ်းထောင်/အချုပ်ကျခံနေရသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အ တွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား သတ်မှတ်နေရာ(၇)ခုခွဲ၍ ဩဂုတ်ပထမပတ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ