သတင်းများ

ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲက မြို့ပြည်သူ့ဆေးရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ မင်းဘူးမြို့ Oxygen Plant တည်ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုပြီး ဆေးရုံနှင့် ကိုဗစ်စင်တာများသို့ သွားရောက်၍ လူနာများအတွက် အာဟာရဖြည့်စွက်စာများ  လှူဒါန်းထောက်ပံ့
Aug 01,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁) ဦးစိုင်းမြင့် အေး၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့ လိုက်ပါကာ ယမန်နေ့မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိပြီး Oxygen Plant တည်ဆောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ Oxygen Plant တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ မေးမြန်းကာ ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး Oxygen Plant တည်ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Aug 01,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအချိန်ထိ သီတဂူစက္ခုဒါမျက်စိဆေးရုံ၌ လူမျိုးဘာသာမရွေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၆ ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံဝန်ထမ်းအိမ်ရာ Quarantine Center သီးသန့်ဆောင်တွင်  ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည် ပြု လူနာများထဲမှ  လူနာ(၆)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက် (၁၀)နာရီခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက်  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင်  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တပ်ကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လာရောက်ကြည့်ရှုစစ်ဆေး
Aug 01,2021
နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါကျောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက် (၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရှိနေသေးသည့် ပြည်သူများအား လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ရာ ဇူလိုင်(၃၁)ရက်နေ့၊ နံနက် (၉)နာရီမှ စတင်ကာ ဖြူးမြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။