နွားထိုးကြီးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

နွားထိုးကြီး  ဩဂုတ်  ၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ မွန်းလွှဲ ၂နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများကို စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် အတွင်း၌ ဇုံနေရာ (၅)နေရာခွဲ၍ မြို့မဇုံ၊ ရွာကြီးဇုံ၊ ဝက်လူးဇုံ၊ ပြင် စည်ဇုံနှင်ကန်နားဇုံတို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအလုံး (၈၀၀)၊လူဦးရေ (၁၆၀၀)ဦး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိ နေသည့် သက်ကြီးရွယ်အိုများကိုလည်း ဦးစားပေးအုပ်စုဇုံအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။

သန်းအောင်ဇော်