မြစ်သားမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေး

မြစ်သား  သြဂုတ်  ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင်  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကိုဗစ်၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အားလူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်​ရေး ကော်မတီ ကြီးကြပ်မှုဖြင့် မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေမာနွယ်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့(၅)ဖွဲ့ခွဲကာ လုပ်အားကြေးမုံခန်းမတွင် စုရပ်အဖြစ် သတ်မှတ်၍  ကာကွယ် ဆေးများကို မြစ်သားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက် ၆၅နှစ်အထက် သက်ကြီး ရွယ်အို များအားကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီစနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရ သည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာSinopharm (CHINA)ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစား ဖြစ်ပြီး မြစ်သားမြို့နယ်တွင် လူဦးရေ ၁၆၈၀၈ ဦးခန့် လျာထားထိုးနှံပေးလျက်ရှိ ကြောင်းနှင့် ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြမြမွန်