ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  ဩဂုတ် ၁

ရှမ်းပြည်နယ်  ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ယမန်နေ့ နံနက် (၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်  ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ နှင့် ပတ်သက်၍ တတိယလှိုင်းဖြစ်ပွားမှုတွင် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်များ၌ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ရောဂါပိုး ကူးစက်ပြန့်နှံမှုသည် ယနေထိ ပိုးကူးစက်သူ (၁၆၁၅၃) အထိ ကူးစက်ပြန့်ပွားခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၉၁၅၇) ဦး သေဆုံးသူ (၄၆၉)  ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုး မတွေ့အတည်ပြုသူ ၊ ၆၅၁၇ ဦးကို သက်ဆိုင်ရာ မြို့နယ်ရှိ ကုသရေး ဆေးရုံ ၊ ကုသရေး Center  ၊ Quarantine Center တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ဇူလိုင် - ၂၅ ရက်စာရင်းအရ ရောဂါဖြစ်ပွားသူ (၁၃၈၂၁) ဦး၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် (၁၆၁၅၃) ဦး၊ ရောဂါပိုး ပြန်လည်ကင်းစင်သူ ဇူလိုင်လ ၂၅ ရက်နေ့ စာရင်းအရ (၇၀၁၈) ဦးနှင့် ဇူလိုင် (၃၀) ရက်နေ့တွင် ရောဂါ ကင်းစင်သူ (၉၁၅၇) ဦးတို့ ပိုးကင်းစင် ဦးရေများ တိုးတက်လာမှုကို တွေ့ရှိရပါကြောင်း  တောင်ကြီးမြို့တွင် ရောဂါပိုးတွေ့ရှိသူ ဇူလိုင် - (၃၀) ရက်နေ့စာရင်းအရ (၂၀) ဦး သေဆုံးသူ (၅) ဦး၊ ညောင်ရွှေ မြို့နယ်တွင် ပိုးတွေ့ရှိသူ (၁၁) ဦး၊ သေဆုံး (၁)ဦး၊ ကလောမြို့နယ်တွင် ပိုးတွေ့သူ (၁၅) ဦး၊ သေဆုံး (၂) ဦး၊ လောက်ကိုင်မြို့နယ်တွင်  ပိုးတွေ့သူ (၄၀) ဦး၊ လားရှိူးမြို့တွင် ပိုးတွေ့သူ (၂၀) ဦး၊ သေဆုံးသူ (၂) ဦး၊ ကျောက်မဲ မြို့နယ်တွင် ပိုးတွေ့သူ (၁၆) ဦး၊ နောင်ချိုမြို့နယ်တွင် ပိုးတွေ့သူ (၃၈) ဦး၊ သေဆုံး (၁) ဦး၊ မူဆယ်မြို့နယ်တွင် ပိုးတွေ့သူ (၄၁) ဦး ၊ တာချီလိတ်မြို့နယ်တွင် ပိုးတွေ့သူ (၃၈) ဦး ၊ အသီးသီး တွေ့ရှိရသည့်အတွက် ဇူလိုင်လ (၃၀) ရက်အတွင်း စာရင်းအရ ကူးစက်မှုလျော့နည်းကျဆင်းလာသည့် အနေအထားများ ပြန်လည်တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း လောက်ကိုင် ၊ လားရှိူး၊ မူဆယ်၊ တာချီလိတ်၊ နောင်ချို၊ သီပေါ၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြို့များကို Stay At Home အစီအစဉ်ဖြင့် ထုတ်ပြန်ကြေညာပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလောနှင့် အောင်ပန်းမြို့နယ်ကို ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင်လ ၂၈ ရက်မှ စတင်၍ ပြည်သူများ နေအိမ်ထဲတွင် Stay At Home အစီအစဉ် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ်အတွင်း ပိုးတွေ့လူနာများ ပြင်းထန်ပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် လိုအပ်သော အောက်ဆီဂျင်ပမာဏ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပူးပေါင်းပြီး အောက်ဆီဂျင် Plant စက်ရုံများ တပ်ဆင်နိုင်ရန် အစီအစဉ် ဆောင်ရွက်လျက်ရှိသည့်နေရာတွင် ဇူလိုင် - ၃၀ ရက်နေ့၌ လောက်ကိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လွိုင်လင် ခရိုင် နမ့်စန်မြို့တွင် တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့်၊ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်တို့တွင် နယ်စပ်ဝင်ထွက်ဂိတ်မှ တစ်ဆင့် သွားရောက် အလုပ်လုပ်ကိုင်ပြီး ၊ ပစ်ဒဏ် ကျခံ လွှတ်မြောက်လာသည့် နေရပ်ပြန် အလုပ်သမားများကို နေ့စဉ် လွှဲပြောင်းပေးလျက်ရှိသည့်နေရာတွင် ဇွန်လ - (၃၀) ရက်ထိ (၆၇၆၆၆) ဦး လွှဲပြောင်း လက်ခံ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များကို၊ မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်စေပြီး၊ အစားအသောက်များတို့ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားသည့် ကာလတွင် ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ် - ၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဗဟို ကော်မတီမှ လမ်းညွှန်မှုဖြင့် လွှဲပြောင်းလက်ခံ ဆောင်ရွက်နေမှုကို ဇွန်လ ၃၀ ရက်နေ့တွင် ယာယီ ရပ်ဆိုင်းထားရပြီး ၊ ပြည်ပ နိုင်ငံမှ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အခက်အခဲများ များစွာ ကြုံတွေ့နေရကြောင်း၊ နယ်စပ်ဂိတ်တွင် ပြန်လည်ဝင်ရောက်မှုကို စနစ်တကျ ပြန်လည်လက်ခံနိုင်မှု ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှုပေးသည့်အတွက် စတင်လွှဲပြောင်းလက်ခံသည့် နေရာတွင် မူဆယ်ဂိတ်တွင်  ဇူလိုင် (၂၆) ရက်နေ့ (၄၇) ဦး ၊ (၂၇) ရက်နေ့တွင်  (၁၆၂) ဦး၊ (၂၈) ရက်နေ့တွင် (၁၅၂) ဦး ၊ (၂၉) ရက်နေ့တွင် (၃၇၂) ဦး ၊ (၃၀) ရက်နေ့တွင် (၁၀၀၉) ဦး ၊ လောက်ကိုင်နယ်စပ်ဂိတ်တွင် ဇူလိုင် (၂၈) ရက်နေ့တွင် (၁၀) ဦး ၊ တာချီလိတ် ဝမ်ပုံ ဆိပ်ကမ်း ဇူလိုင် (၃၀) ရက်နေ့တွင် (၃၃) ဦး၊ စုစုပေါင်း (၁၇၈၅) ဦး စနစ်တကျ လွှဲပြောင်းလက်ခံရယူပြီး၊ တိုင်းဒေသကြီး ပြည်နယ်များသို့ မော်တော်ယာဉ်ဖြင့် စနစ်တကျ ပြန်လည်ပေးပို့ ဆောင်ရွက်စေပြီး အစားအသောက် များကိုလည်း ထောက်ပံပေး၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က Stay At Home ကိစ္စရပ်များ၊ ကိုဗစ် - ၁၉ ရောဂါပိုး လျော့နည်းကျဆင်းမှုနှင့် ကာကွယ်ဆေးထိုးနှံနေမှုနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး လှဦးနှင့် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆွေးနွေးတင်ပြကြ၍ အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ ကာ အထွေထွေဆွေးနွေးကြကြောင်းနှင့် ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း