တောင်ကြီး ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှနေရပ်ပြန် အလုပ်သမားများသည် လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ယမန်နေ့ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးသို့တာချီလိတ်မြို့မှ မော်တော်ယာဉ်(၃)စီးဖြင့် နေရပ်ပြန်များ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါနေရပ်ပြန်အလုပ်သမားများသည် လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်ပြန်ရန်(၃၃)ဦး ရှိကြောင်းနှင့် ရခိုင်ပြည်နယ်(၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီး(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး(၁၅)ဦး၊ ပဲခူးတိုင်းဒေသကြီး(၆)ဦး၊ မကွေးတိုင်းဒေသကြီး(၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး(၁)ဦး၊ နေပြည်တော်(၃)ဦး၊ ရှမ်းပြည်နယ်တွင် (၃)ဦး စုစုပေါင်း(၃၃)ဦးဖြစ်ပြီး နေရပ်ပြန် အလုပ်သမား များကို တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ ပြည်နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ တောင်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်၊ သစ်တောရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က နေရပ်ပြန်အလုပ်သမားများကို Hand Speaker ဖြင့် စည်းကမ်းချက်များ မိမိဒေသသို့ရောက်ရှိပါက နေထိုင်ရမည် စည်းကမ်းချက်များ၊ ရောက်ရှိ သတင်းပို့ရန်စသည့်အချက်များ ရှင်းလင်းပြောကြားပြီး နေရပ်ပြန်အလုပ်သမားများကို အပူချိန် တိုင်းတာခြင်းနှင့် စားစရာများ ဝေငှပေးခဲ့ကြပြီး နေရပ်ပြန်အလုပ်သမားများကို ဒို့ညီနောင်ကားကြီးဖြင့် T.B.C ကားကြီးကွင်းမှ အေးသာယာအဝေးပြေးကားကြီးကွင်းသို့ ပို့ဆောင် ပေးကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)