ပုလော သြဂုတ်လ ၂
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရန်အတွက် ယမန်နေ့ ညနေ ၂ နာရီက မြေနေရာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုရာတွင် လိုအပ်လျက်ရှိ သော အောက်ဆီဂျင်ကို ရရှိနိုင်ရန်အတွက် လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ ဦးဆောင်၍ ရပ်ဝေး ရပ်နီးမှ ဆရာတော်၊သံဃာတော် အရှင်သူမြတ်များ နှင့် စေတနာရှင် ပြည်သူများ၏ စုပေါင်းအားဖြင့် အောက်ဆီဂျင်စက်ရုံကို တည်ဆောက် နိုင်ရေး စီမံဆောင်ရွက်လျက်ကြောင်း၊ ယမန်နေ့အထိ အလှူငွေ (၈၆၃၇၃၀၀၀/−)ကျပ် ရရှိနေပြီ ဖြစ်ကြောင်းနှင့် ဆောက်လုပ်ပြီးစီးပါက မြို့နယ် ပြည်သူ့ကျန်းမာရေးသို့ ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြေနေရာ ကြည့်ရှုရာတွင် လယ်ဝိုင်းကျောင်းတိုက်ဆရာတော်၊ နန်းတောင် ကျောင်းကြီး ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး စောနေလှိုင်နှင့် ဦးခင်မောင်စော၊ လ၀က ဦးစီးမှူး ဦးအောင်ကိုဦး၊ ဆရာဝန်ကြီး ဒေါက်တာပြုံးချို၊ မေတ္တာရှင် ပရဟိတ အသင်းမှ ဥက္ကဋ္ဌ ဦးလမင်းနိုင်ဦးတို့က မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ယခု ဆောက်လုပ်ဆဲဖြစ်သော သံဃာဆေးရုံ (ဇီဝိတ ဒါနဆေးရုံ)ကြားတွင် တည်ဆောက် ရန် လျာထားပြီး လိုအပ်သည်များ ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အေးအေးမော် (ပုလောပြန်ဆက်)