လဲချားမြို့နယ်တွင် သံဃာတော်များနှင့်အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လဲချား  ဩဂုတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင်သံဃာတော်များနှင့်အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ (၉)နာရီအချိန် က ဆေးထိုးစုရပ်(၂)နေရာတွင် ထိုးနှံပေးခဲ့သည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကြီးကြပ်ဆောက်ရွက်ပေးခဲ့ပြီး ဟိုရင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ သံဃာတော်များ၊မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့်မြို့မအုပ်စု ကျေးရွာ(၈)ရွာရှိ အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား  ဆေးထိုးစုရပ်ခွဲ၍ ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေးထိုးရန် လာရောက်သူများကို နာမည်စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကို စနစ်တကျ ကာကွယ်ဆေး  ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)