ညောင်လေးပင် ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ်တွင် ဒေသခံပြည်သူများအား နေ့စဉ် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က အထကခွဲကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ညောင်လေးပင်မြို့ နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အဖွဲ့ (၁၀) ဖွဲ့သတ်မှတ်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ပထမဦးစားပေး အနေဖြင့် အသက် ၆၅ နှစ်အထက် အသက်အရွယ်ကြီးသူများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကသတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)