ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လုံထန်ကျေးရွာအုပ်စု နှင့် ထင်ပါကျိုင်းကျေးရွာ အုပ်စုများသို့ ကိုဗစ်−၁၉  ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့

လောက်ကိုင်    သြဂုတ်  ၂ 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ၁−၈−၂၀၂၁ ရက်နေ့ နေ့လယ် (၁၁) နာရီ အချိန်တွင် လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်လိုက်ပါ၍  လုံထန်ကျေးရွာ အုပ်စု၊ အခြေခံပညာမူလတန်းကျောင်းသို့  ရောက်ရှိပြီးလုံထန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီနေထိုင်သွားရန်၊ ဒေသအတွင်းပြည်သူများ  အခက် အခဲရှိပါက  သတင်းပေးရန်ပြောကြားပါသည်။ 

ဆက်လက်၍ လောက်ကိုင်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင်မြို့ နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်းမြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်လိုက် ပါ၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ  ဦးမြင့်ဆွေ မှပံ့ပိုးသော ကိုဗစ်−၁၉  ကာကွယ်ရေးပစ္စည်းများ N 95 Mask (၃၂၀)ခု၊ အရက်ပျံ(၈)ဖာ ၊ ရေသန့်ဆေးမုန့်(၂)ဖာ၊ ဆေးဖြန်း ဆေးရည် (၈) ပုံး၊   Handgel (၈) ဖာ၊   ခေါက်ဆွဲခြောက် (၂၀)ဖာ၊   Face Shield (၁၀၀) ခု၊   ရိုးရိုး Mask (၅၀၀၀၀) ခုတို့ကို လုံထန်ကျေးရွာအုပ်စု၊ လုံထန်ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

ထို့နောက် လောက်ကိုင်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး ၊ လောက်ကိုင် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဝင်၊ ဒေါ်ချောချောအေး၊ ကုန်းကြမ်း မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင် လိုက်ပါ၍ ထင်ပါကျိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီနေထိုင် သွားရန်၊ဒေသအတွင်းပြည်သူများ  အခက်အခဲ ရှိပါကသတင်းပေးရန်  အသက်(၆၅)နှစ် အထက် ပြည်သူများကာကွယ်ဆေးထိုးနှံခြင်း  ကျန်လပ်မှုမရှိ စေရေးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြ ရန်မှာကြားခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ် ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေ မှပံ့ပိုးသော ကိုဗစ်−၁၉  ကာကွယ်ရေးပစ္စည်းများ PPE ဝတ်စုံ(၃၅၀) ၊ခြေအိတ်(၃၅၀)၊ ခေါင်းစွပ်(၃၅၀) ခု၊ လက်အိတ်(၁၅၀၀)ခု N 95 Mask (၁၅၀၀)ခု၊ အရက်ပျံ(၁၈)ဖာ၊ ရေသန့်ဆေးမုန့်(၂) ဖာ၊ ဆေးဖြန်းဆေးရည် (၁၈) ပုံး၊   Handgel (၁၈) ဖာ၊   ခေါက်ဆွဲခြောက် (၅၀)ဖာ၊  Face Shield ( ၁၀၀) ခု၊   ရိုးရိုး Mask(၁၀၀၀၀၀)ခုတို့နှင့် လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေးမှ တရုတ် ယွမ်ငွေ (၃၀၀၀၀) ယွမ်အား ထင်ပါကျိုင်းကျေးရွာအုပ်စု ၊ ထင်ပါကျိုင်းကျေးရွာအုပ်ချုပ်ရေးမှူးထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။ 

နန်းမြမြ၀င်း